"ပြန်ကြတော့မလား"
"အင်းနော် မှောင်တောင်မှောင်တော့မယ်"
သဘောကျမိတယ်။ လေပြေနုနုလေးတွေ လှိုင်းသံလေးတွေ သဲသောင်ယံထက်ချစ်ရသူကယုယစွာထွေးပွေ့လို့အတူလျှောက်လှမ်းနေရတာ။ ပင်လယ်ပြင်ကိုသဘောကျမှန်းအခုမှသိတာလား မဟုတ်ရင်အခုမှပင်လယ်ကိုသဘောကျသွားတာလားပဲ။
မှောင်လာပြီမို့ပြန်လာခဲ့ကြပေမယ့် အေးမြတဲ့အငွေ့အသက်လေးနဲ့စည်းချက်ကျနေသလိုလှိုင်းသံတို့ကို မပျောက်သွားခင်အထိအာရုံစိုက်လို့ခံစားနေမိသည်။
"မပြန်ချင်သေးတဲ့ပုံနဲ့။ အဲ့လောက်တောင်သဘောကျနေရင် ကမ်းခြေတစ်ခုမှာအိမ်ဝယ်ပေးရမလား"
"မလုပ်ပါနဲ့ သွားချင်ရင်အလည်ပတ်သွားလို့ရနေတာပဲ။ အပြီးတော့မနေချင်ပါဘူး"
"ပြီးရောလေ နေချင်လာရင်တော့အချိန်မရွေးပြောလို့ရတယ်နော်"
"ဒါနဲ့မင်းကရောဘာလို့ပင်လယ်ကိုသဘောကျတာလဲ"
ခဏတာတိတ်သွားလို့အတိတ်ဆီပြန်သွားနေပုံ။ နောက်တော့နူးညံ့စွာပြုံးလို့လာပြီး
"မောင်မွေးတည်းကမောင့်အဖေက အမေ့ရဲ့ဥပက္ခာပြုတာကိုအပြည့်အဝခံနေရတာလေ။ ဒါပေမယ့်လည်းသူ့ကြည့်ရတာကျေနပ်နေပုံပါပဲ"
"အဲ့တစ်နေ့ကပေါ့။ မောင်၁၀နှစ်အရွယ်ရောက်နေပြီ အမြဲအလုပ်ကိစ္စနဲ့ခရီးရက်ရှည်သွားနေတဲ့အဖေက မောင်တို့နှစ်ယောက်ကိုပင်လယ်တစ်ခုစီခေါ်လာတယ်"
"ဒီလိုအချိန်လောက်ပဲ ပင်လယ်ကိုသဘောတကျကြည့်နေတဲ့အမေ့အနားကိုအဖေရောက်လာပြီးလက်ထဲခရုခွံလေးတစ်ခုလာထည့်ပေးတယ်"
"အမေကထူးထူးဆန်းဆန်း မငြင်းတဲ့အပြင်သဘောကျလို့တောင်ပြုံးနေသေး။ အဲ့တည်းကဘာလို့မှန်းမသိပေမယ့် ပင်လယ်ဆိုရင်သဘောကျနေမိတာ"
"ဒါဆိုမင်းက ကိုယ့်မိဘတွေကိုပြန်ပြီးအတွဲချောင်းနေတာပေါ့"
"ချောင်းစရာလား သူတို့ဟာသူတို့မောင့်ရှေ့ရောက်လာကြတာ"
"မင်းကဘာလုပ်နေလို့လဲ"