မ ရဲ့ကလေး part 17

704 34 0
                                    

သက်လျာတို့ ဆက်ဆံရေးသည် အရင်ကလို ချိုမြိုန်မှုတေအစား ခါးသက်သည့် ဘက်သို့ရောက်ရှိလာခဲ့သည်။သက်လျာဘက်က ချိုမြိန်သလောက် ကလေးဘက်ကတော့ ခါးသက်သည့်အမူအရာဖြင့်ပြုမူတတ်ပေသည်။
သက်‌လျာအပေါ် ထိုသို့ပြုမူသည်ကိုပင ်ကျွန်မ စိတ်မနာနိုင်သလို အချစ်သည်လည်း လျော့သွားသည်မရှိခဲ့ပါ။ပထမတစ်ခေါက်လို Covid ငြိမ်သွားသည့်အခါ ကလေးကိုပြန်ခေါ်ပြီး သူကလေးကို မလွတ်တမ်းဖမ်းဆုပ်ထားမည်လို့ တွေးမိသည်။သို့သော် ကံကြမ္မာကသက်လျာဘက်သို့မရှိခဲ့ပေ။

New postတွေ ခေါ်ပြီဖြစ်၍ ‌လျှောက်ရန်စီစဉ်ဖြစ်သည်။
ကလေးသည် ကျွန်မနှင့် စကားများပီး သည်အထိ လိုင်းမသုံးသည်ပြောသည်။ကလေးမသိမှာစိုးရိမ်၍ ကလေးဖုန်းအား ဆက်လိုက်သည်။ကလေးသည် မကိုင်ပါ။သက်လျာဖုန်းဖစ်တာကြောင့် မကိုင်တာဘဲလား၊တခြားတစ်ခုခု လုပ်နေလို့‌မကိုင်တာလား မသိတော့။ထို့နောက် ကလေး အမေဆီဖုန်းခေါ်၍ အကျိုး‌အကြောင်းပြောလိုက်သည်။

ကျွန်မတွေးတောသည့်ဆက်ဆံရေးနှင့် ကလေး၏တွေးတော့သည့်ဆက်ဆံရေးကကွာခြားနေသည်။
ကလေးကတော့ ဘာမဖြစ်သလို ဆက်ဆံရေးလို ပြုမူသွားသည်။
ကျွန်မကတော့ ကလေးနှင့် စနမ်းခဲ့သည့်နေ့လေးကစ ယခုချိန်ထိ ဘယ်သောအခါမှမေ့မနေခဲ့ပါ။ဘယ်သူအပေါ်မှ မချစ်ခဲ့ဖူးသည့် အနေအထားမျိုးဖြင့် သက်လျာချစ်ခဲ့ပါသည်။

3.10.19

Posting စာရွက်တွေထွက်လာပြီဖစ်၍ ကျွန်မနာမည်ထက် ကလေးနာမည်ကိုအရင်ဆုံးပြေးကြည့်မိသည်။ကလေး၏နာမည်မပါဘဲ ကျွန်မနာမည်ပဲ ပါလာသည့် စာရွက်လေးအားငုံကြည့်ရင်း ကျွန်မ ကလေးနှင့် ဘယ်တော့မှမဆုံဆည်းနိုင်တော့သည့်အနေအထားမျိုးဖြစ်သွားပါသည်။
နောက်လတွင် အ၀င်ပြရမည်ဖြစ်၍ အိမ်သို့ပြန်ဖို့ပင်အချိန်မရတော့ပင်။ရန်ကုန်ကနေတဆင့် ရှမ်းပြည်နယ်သို့ တစ်ယောက်တည်း ဝေးကွာစွာ သွားရောက်တာ၀န်ထမ်းဆောင်ရတော့သည်။

သက်လျာလိုဘဲ အလုပ်လာ၀င်ကြသည့်သူများ16ယောက်ရှိသည်။
Covid ကာလဖြစ်၍ နှာခေါင်းတို့ဖတ် ယူကာ 14ရက်ဟိုတယ်တွင်နေခိုင်းပြီး ရောဂါမရှိမှလုပ်ငန်းခွင်သို့၀င်ခိုင်းပေသည်။

" မ "ရဲ့ ကလေး ❤️Where stories live. Discover now