ပထမဆုံးနေ့ဖြစ်တာရယ်၊ကျောင်းကမနက် ၇နာရီတတ်တာမို့ ပြင်တာဆင်တာ နဲ့ မနက် ၅နာရီကတည်းက နိုးနေခဲ့တဲ့သက်လျာ။သက်လျာလိုဘဲ အေးအေးလဲ အစောကြီးနိုးနေလေရဲ့။သက်လျာမေကျောင်းသွားဖို့ ဖြူလည်ကတုံးခတိုအင်္ကျီလေးနဲ့ထဘီအနီလေး၀တ်ဆင်လိုက်တယ်။သူမခန္နာကိုယ်ဟာ အချိုးအစားကျလျက် အလွန်ပင်ကြည့်ကောင်းနေလျက်။သူမ၏ဆံပင်ရှည်လေးများကို ဆံထူံးလေးထုံးလိုက်သောအခါ ပိုလို့ပင်ကျက်သရေရှိလှပေသည်။သူမ၏ဖြူဖွေးနေသောခြေထောက်ကလေးဟာလည်း ဖိန်ပ်အဖြူပါးလေးစီးလိုက်သော် ပိုလို့ပင်ထင်းပြီးလှနေလျက်။သူမအကြိုက်ဆုံးက နှုတ်ခမ်းနီပင်။သူမသွားခါနီးလေး သူမပသ်ကိုယ်ရဲနေသည့်နှုတ်ခမ်းလေးကို အနီလေးထပ်တင်လိုက်သည်။သက်လျာသည်နတ်မိမယ်လေးအလားပင်။
က်ြညလင်တောက်ပနေတဲ့ ကောင်းကင်ကြီးအောက်တွက် တူညီ၀တ်ဆုံများ၀တ်ဆင်ကြကာ တစ်စုနှင့်တစ်စု စကားတေပြောကျ နဲ့ ဆူညံနေလျက်။အခုမှစတက်သည့် သက်လျာတို့အဖွဲ့ senior များကို ရိုသေကြောက်ရွံမိနေကြသည်။သက်လျာသည် အဝေးသင်တတိယနှစ်ပြီးမှ ဒီကျောင်းတက်ခဲ့ရသည့်အတွက် သူမပင် အဖွဲ့ထဲတွင်အကြီးဖစ်နေလျက်။သူမထက်ကြီးသူတွေပါသော်လည်း အငယ်လေးတေကပိုများပေသည်။
စကားတေ အဖွဲ့လိုက်ပြောဆိုနေရင်း တည်ငြိမ်ခန့်ညားပြီး ကျက်သရေရှိလှသော မြန်မာ၀မ်းဆက်နှင့် အမျိုးသမီးတစ်ဦး ရှေဘမှထွက်ပေါ်လာသည်။သူမဘေးတွင် အပြာ၀တ် အစိမ်း၀တ် မိုးပြာ၀တ်ဆရာအများနှင့် လှလိုက်သည့်ဆရာမလေးတွေပင်။သူမထွက်ပေါ်လာသည့်နောက် စကားပြောတာတေရပ်ကုန်ပြီး သူမပြောတာတေကို အာရုံစိုက်နားထောင်နေကြသည်။ထို့နောက်သူနာပြု အဓိဋ္ဌာန္ ပြိုင်တူရွတ်ဆိုကြသည်။
လေးထပ်တိုက်ကြီးတွင် သူ့အတန်းနှင့်သူ ကိုယ်ဆီ၀င်ရောက်နေရာယူကြသည်။သက်လျာတို့juniorအုပ်စုများ တတိယထပ်က အခန်း၂တွင် နေရာယူကြသည်။အခုမှတွေ့ကြသည့်မို့ တယောက်နဲ့တယောက်မိတ်ဆက်စကားပြောနေရင်း အတန်းပိုင်ဆရာမ၀င်ရောက်လာခဲ့သည်။ဆရာမသည် ကျောင်းစည်းကမ်းနှင့်နာမည်အလိုက် ခုံတေစီပေးရင်းအဆောင်ပါခွဲပေးလိုက်သည်။သက်လျာတို့သည် တနင်္ဂနွေသမီးဖစ်တဲ့အတွက် နောက်ဆုံးခုံမှရလေသည်။ထိုစဉ်သောကြာသမီးနှစ်ယောက်က ရှေ့တန်း၅ယောက်ပြည့်သည့်အတွက် သက်လျာတို့အတန်းကိုရောက်လာလေသည်။သက်လျာတို့အတန်းတွင် ဟန်နီချို၊ဟေမန်၊သက်လျာ၊အေးအေးနှင့်အိမွန်တို့၅ယောက်အတူနေကြရသည်။တစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်ရင်း ခင်မင်ခဲ့ကြသည်။သက်လျာတို့၅ယောက်ထဲတွင် စုန်းပြူးလေးများပါကြသည်။ဟန်နီချိုနှင့်အိမွန်တို့ဟာ ၄နာရီအတန်းဆင်းလို့ရှိရင် ရေမြန်မြန်ချိုး ထမင်းမြန်မြန်စား ၆နာရီမထိုးခင် စာကျက်စောင်ကိုသွားပြီး စာကျက်ကြလေပြီ။သက်လျာတို့တော့ ဟန်နီချို့ကိုကြည့်မရဖြစ်နေလေပြီ။
Hmue
အမှားပါတာရှိ ခွင့်လွှတ်ပါနော်။
ချစ်သောမှူး
YOU ARE READING
" မ "ရဲ့ ကလေး ❤️
Romanceအိမ့်သက်လျာမေ (ခ) သက်လျာ ကလေးရဲ့အချစ်တွေကို မ တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ အပစ်လား? ဟန်နီချို မ က ကလေးကို ချစ်တာလား? မ ရဲ့ အနိုင်လိုချင်စိတ် ကို ချစ်တာလား?