" မ" ရဲ့ ကလေး part 4

974 52 0
                                    

   ပထမနှစ်ပြီးလို့ cap စောင်းပေးပွဲ ရောက်တော့လေပြီ။သီချင်းတေတိုက်ကျ ကကြဆိုကြနှင့်အလုပ်ရှုပ်နေကြလျက်။သက်လျာတို့လည်း ကိုယ့်capစောင်းပေးတဲ့ပွဲမို့ ဖျော်ဖြေပွဲတေဖြင့်ခမ်းခမ်းနားနားဖြစ်ချင်လျက်။သက်လျာတို့ကို Senior အမတွေက မြန်မာရှိူပွဲမှာမော်ဒယ်လျောက်ဖို့ လာပြောတယ်။အေးအေးကလည်း အမပါလိုက်နှင့် မြှောက်ပေးဖော်ရှာတယ်။ကလေးက စာဂျပိုးလေးအတိုင်းဆုတက်ယူရမယ်လေ။

    ပွဲနေ့ရောက်သော် ကလေးသည် သက်လျာနားလာထိုင်လျက်။

ဟန်နီချို - မ အရမ်းတေပြင်မနေနဲ့။
နဂိုလှပြီးသားကို စွတ်တေပြင်နေ။ဘယ်သူ့ပြချင်နေတာလဲ

သက်လျာ- မင်း စကားကလည်းဘယ်လိုကြီးလည်း။ဒီတိုင်းလေးပါဘဲ မပြင်ပါဘူးကွယ်။ဘာဖစ်လို့လဲ။

ဟန်နီချို - ဘာဖြစ်ပါဘူး။အရမ်းတေလှနေတော့ မနာလိုလို့ ရှင်းပလား။

  ဟန်နီချိုတစ်ယောက်ထသွားရင်း သက်လျာအတွေးများနှင့်ကျန်ခဲ့လေရက်။ဘာလို့များ ကိုယ့်ကိုဒီလိုပြောနေတာပါ့လိမ့်။

အေးအေး - အမအရမ်းလှတာဘဲ

  သက်လျာသည် ဟန်နီချို‌မနာလိုလည်းလိုချင်စရာပင် အရမ်းကိုလှလေလျက်။အနီရောင်၀မ်းဆက်လေးနှင့်သက်လျာသည် အသားရောင်လေးဖြင့် ဟပ်နေလျက်။ကတီပါ အနက်ရောက်လေးစီး ဆံပင်ခါးလောက်ထိအရှည်ကို တ၀က်လေးသိမ်းပြီး နှင်းဆီနီလေးပန်ထားလျက်။နှုတ်ခမ်းလေးကိုလညိး ရဲနေအောင် ဆိုးထားလျက်။သိပ်ကိုနနိးဆန်နေလိုက်တာ။

    လူကြီးမင်းများအားလုံး မဂ်လာပါ။ကျောင်းအုပ်ကြီးမိန့်ခွန်းတွေပြောရင်း ဆုပေးပွဲအခမ်းအနား ရောက်လာလေပြီ။
သူမသည် တတိယ ရ၍ဆုတက်ယူရန်ပြင်နေလေသည်။သက်လျာမျက်လုံးထဲ ကလေးသည်အလွန်ကိုကျက်သရေရှိလှပါသည်။ကလေးဆုတက်ယူနေသည့်ပုံကို သက်လျာအမိအရ ဓာတ်ပုံရိုက်ယူထားလိုက်လေသည်။ဆုပေးပွဲအခန်းနားပြီး ဖျော်ဖြေရေး အစီစဉ်ရောက်တော့ သူမတို့မော်ဒယ်ရိူးလျှောက်ရလေသည်။သက်လျာတစ်ယောက် စင်ပေါ်မတက်ခင် ကလေးကိုလိုက်ရှာလိုက်သည်။စောနကရှိသေး။အခုဘယ်ရောက်သွားပါလိမ့်။သက်လျာပန်းလေးသည် မနေ့ကတည်းက ကြို၀ယ်ထားတာမို့နွမ်းလျက်စပြုနေသည်။ကလေးကို‌လိုက်ရှာရင်းနောက်လှည့်ကြည့်မိတော့
ဟင် ဟန်နီချိုပါ့လား။
ဟုတ်။မ ပန်းကညှိုးနေတာ‌ေတွ့လို့ ဈေးထဲပန်းသွား၀ယ်နေတာ။တော်သေးတယ် မှီလိုက်လို့။
သက်လျာတစ်ယောက် ရင်တေခုန်နေလျက်။ပေးလေ မ ကို ။ကလေးကမ်းပေးသည့်ပန်းကို သူမတစ်ယောက် မပန်ခင်နမ်းရှိုက်လ်ုက်သည်။ဟန်နီချိုလှည့်ပြန်မည်လုပ်တော့ မင်းတို့ကိုမကြည့်တော့ဘူးလား။
မကြည့်ချင်ပါဘူး။လူတေအများကြီးနဲ့။သွားပြီ မ။

စင်ပေါ်ရောက်သော်သီချင်းလေးစဖွင့်လိုက်လေသည်။ " သနားခါးကို ဘယ်ညာလူးဆံထုံးလေးပတ်ထုံး မြန်မာယဉ်ဖုံးလေးနဲ့လိုက်ပါတယ်။ကြည့်စမ်းပါ မြင်သူငေး ချောလှပါတယ်။မောင့်ချစ်သူ ဗမာမလေးရယ်"သီချင်းလေးသည် ခန်းမတစ်ခုလုံး ပျံနှံ့သွားသည်။

   သက်လျာတစ်ယောက် သူမအလှည့်ပြီးရော အခန်းထဲပြန်လာလိုက်သည်။မနက်အစောကြီးထ၍ပင်ပန်းနေသဖြင့် တရေးလေးမှေးနေလိုက်သည်။အခမ်းနားပိတ်ပွဲပြီးခါနီးတွင် သက်လျာတို့juniorအဖွဲ့ များ uniform များ၀တ်ကြရင်း သူနာပြုအဓိဌာန်ကိုပြိုင်တူရွတ်ဆိုရင်း အမှတ်တရဓာတ်ပုံရိုက်လျက်ပြီးသွားပြီဖစ်သည်။

    ကလေးအပေါ် သက်လျာတစ်ယောက် စိတ်တေယိမ်းယိုင်မိသည်မှာ ထိန်းချုပ်မရတော့ပေ။ကလေးနှင့်တတွဲတြွဖစ်နေသည့် အိမိုးနှင့်ပင် သူမသ၀န်တေတိုနေပီ။ကလေးသည် သူ့ကုတင်သူမအိပ်ဘဲ အိမိုးဘေးလာလာအိပ်လေသည်။အိမိုးကုတင်ဘေးမှာ သက်လျာကုတင်ရှိနေတော့ ပိုဆိုးပီ။သူမတို့နှစ်ယောက် ဒီလိုအတူနေနေတာကိုပင် မကြိုက်၊ဒေါသတွေထွက်၊အိပ်ရေးတေလည်းပျက်နဲ့။ချစ်ရတာ ပင်ပန်းသလို ခံစားနေရပြီလေ။ကိုယ် ချစ်နေတာလေးကိုတော့ မင်းသိအောင် တစ်နေ့ဖွင့်ပြောမယ်လို့ စဉ်းစားရင်း အိပ်ပျော်သွားလေသည်။

   
   နွေရာသီကျောင်းပိတ်ရက် ရောက်ဖို့၂ရက်သာလိုတော့သည်။သက်လျာတစ်ယောက် အခုမှ ကလေးနှင့်မခွဲနိုင်ဖစ်နေလေပီ။အခုမှစလိုက်မယ်ဆုံးဖြတ်တုန်း ကျောင်းကတစ်လပိတ်တော့မယ်။ပြန်လာရ်ု wardထဲ ဆင်းရမည်ဖြစ်၍ ကလေးနှင့်တွေ့ဖို့အချိန်တွေနည်းနေလျက်။မေးထောက်စဉ်းစားနေစဉ်

ဟန်နီချို - မ ကျောင်းပိတ်ရက် ညမလေးတို့အိမ် အလည်လိုက်မလား။
သက်လျာ - တကယ်လား။တို့ကတကယ်လိုက်မှာနော်။တခြားဘယ်သူတေခေါ်ထားသေးလဲ
ဟန်နီချို - အိမွန်ကိုခေါ်ထားတယ်၊
သက်လျာ - မ မလိုက်တော့ပါဘူးကွယ်။
ဟန်နီချို - ဟင်ဘာလို့လဲ၊စောနကတော့ လိုက်မယ်ဆိုပြီးတော့၊အိမွန်ကလည်း မလိုက်ဘူးတဲ့၊ဟင်း
သက်လျာ- အဲ့ဆို လိုက်ခဲ့မယ်၊အေးအေးပါခေါ်ခဲ့မယ်။
ဟန်နီချို - အမသဘောလေ၊ခေါ်ခဲ့။

      ‌ဧပြီလ ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် သက်လျာအိမ်သည်လည်း မိသားစုစုံလင်တာဆိုလို့ဒီလပင်။သက်လျာပြန်ရောက်ရင် ဘုရားဖူးသွားကြဖို့ တိုင်ပင်နေလျက်။သက်လျာတစ်ယောက် ဟန်နီချို အိမ်လည်းလိုက်ချင်တော့ အဖေ့ကို ၂ရက်ခွင့်တောင်းရင်း လိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

Hmue
အမှားပါရင် ခွင့်လွှတ်ပါနော်။ဖတ်မယ့်သူသိပ်မရှိတော့ ရေးရတာ အားမရှိဘူးဗျာ။

ချစိသော မှူး
    

" မ "ရဲ့ ကလေး ❤️Where stories live. Discover now