" မ " ရဲ့ ကလေး

3.4K 93 1
                                    


အပြာရောင်မိုးကောင်ကင်းကြီးအောက်
အပြာရောင်လေးထပ်တိုက်လေးရယ် ရောင်စုံကောင်မလေးတွေရယ်နဲ့ စည်းကားလို့နေတယ်။

ဒီနေ့ဟာ သူနာပြုနှင့်သားဖွား ဆရာမလေးတွေ ကျောင်း၀င်ခွင့်ရလို့ ကျောင်းလာအပ်‌ကြသည့်နေ့တစ်နေ့။အိမ့်သက်လျာ‌မေ အပါအ၀င် လူတိုင်းစာရွက်file ကိုယ်စီ၊အုပ်ထိန်းသူကိုယ်စီနှင့် ကျောင်းလာအပ်ကြသည်။သက်လျာ စိတ်လှုပ်ရှားနေလျက်။သက်လျာ‌ဟာ သူမဝါသနာအရရယ်၊uniformလေးအပေါ် ချစ်မြတ်နိုးမှုကြောင့် ဒီကျောင်းတတ်ဖို့ ရွေးချယ်ခဲ့လိုက်တယ်။သူမအလှည့်ကျရောက်လာတော့ သူမအဖေနဲ့အတူဆရာမတေဆီသွားပြီး ကျောင်းအပ်ခဲ့လိုက်တော့တယ်။ကျောင်းအပ်ပြီး သက်လျာလည်း သူမအထုပ်အပိုးတွေနဲ့ အဆောင်မှူးခေါ်ရာနောက် လိုက်သွားခဲ့တယ်။အဆောင်းမှူးနေရာနေရာချပေးထားတဲ့ အခန်းကို ရောက်သွား‌တော့ ကောင်မလေးတစ်ယောက်နဲ့တိုးလေသည်။

သူမလေးသည် သွက်လက်တယ်၊ချစ်ဖို့ကောင်းသူလေး။
နာမည် ဘယ်လိုခေါ်လဲရှင့်
မ နာမည် အိမ့်သက်လျာမေပါ သက်လျာလို့လည်းခေါ်လို့ရပါတယ်။
ညမလေးနာမည်ကကော
အေးအေး ပါ အမ။
ဒါနဲ့ အမ က နာမည်လေးလိုဘဲ နူးညံ့ပြီး ဆွဲဆောင်မှု ရှိတယ်နော်။ပြီးတော့နန်းဆန်သလိုခေတ်လည်းဆန်ရဲ့။

သက်လျာ သည် အရမ်းလှနေသူမဟုတ်ပေမယ့် သူမသည် လူအများကြီးထဲတွင် ထင်းနေတတ်သူ။မျက်မှန်အနက်ကလေးနဲ့နှုတ်ခမ်းဆို အနီမှဆိုးတတ်သူလေး။ဆွဲဆောင်မှုလည်း ရှိလှပါသည်။

နှစ်ယောက်သား စကားတပြောပြောနှင့် ပစ္စည်းတွေနေရာတကျချရင်း ညနေ4နာရီ ထိုးသွားခဲ့ပြီ။ညနေစာကို သူမတို့နှစ်ယောက် အိမ်ကပါလာသည့် ထမင်းဟင်းများစားရင်း ပြီးသွားခဲ့ကြပြီ။အိပ်ဆောင်အခန်းထဲရှိ သူငယ်ချင်းတေနဲ့လည်း အတော်အသင့်ရင်နှီးကျွမ်း၀င်ခဲ့ကြပြီ။ည8နာရီ ရောက်သည်ဖြစ်သည့်အတွက် အဆောင်မှူးမှ Roll call
ခေါ်သည်။အိပ်ဆောင်ပြန်ရောက်တော့ ကိုယ့်ကုတင်နဲ့ကိုယ် အိပ်ကြရင်း မနက်ဆို ကျောင်းတက်ရမှာမို့ သက်လျာတစ်ယောက်ရင်ခြန်စိတ်လှုပ်ရှားနေရင်း အိပ်ပျော်သွားခဲ့ပြီ။

Hmue
အခုမှစရေးတာမို့ အမှားပါတာရှိခွင့်လွှတ်ပါ။
ဖတ်ရတာ အဆင်မပြေရင်နားလည်ပေးပါနော်။ချစ်သောမှူး

" မ "ရဲ့ ကလေး ❤️Where stories live. Discover now