46

5.1K 273 13
                                    

💛 Players ( Part - 46 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

မင်္ဂလာပွဲနားနီးတော့ ဖေကြီးရော၊ မေကြီးပါ ပြန်ရောက်လာကြပြီမို့ ခရာပျော်နေမိကာ ခရာတို့အရင်နေခဲ့သည့်အိမ်လေးမှာ ကိုကြီးနှင့်အတူပြန်နေဖြစ်သည်။
အိမ်ကလေးသည် ခရာတို့တစ်မိသားစုလုံး ပြည်ပကိုရောက်နေပေမယ့် ပါပါးကိုဂရုစိုက်ထားသလို ရံဖန်ရံခါ အိမ်ငှားလည်းထားပေးတာမို့ လူအမြဲနေဖြစ်၍ အိမ်ကလေးက ဝင်းစက်နေသည်။

ကိုကြီးကတော့ မင်္ဂလာပွဲနားနီးလာလေ အလုပ်ရှုပ်လေဖြစ်ကာ လားရှိုးကဆင်းလာသည့် အဖေနဲ့အမေရောက်လာချိန်မှာတော့ ပိုအလုပ်ရှုပ်သွား၏။
ထက်ဘုန်းလျှံဆိုသည့် ကိုကြီးရဲ့အစ်ကိုကတော့ ယောင်လို့တောင်ရောက်မလာဘဲ ဖုန်းတစ်လုံးနှင့်သာ အဆက်အသွယ်လုပ်တတ်သည်။

"Bae အစ်ကိုက မင်းနဲ့ပြောချင်တယ်တဲ့"

ခရာ့အပေါ်နွေးထွေးတတ်သော ထိုအစ်ကိုက တစ်ခါတစ်လေတော့ ခရာနဲ့စကားပြောဖြစ်ပါသည်။
သူတို့တွေရဲ့ဘဝ၊ သူတို့တွေရဲ့အလုပ်ကို ခရာနားလည်နေပြီမို့ ဒီပွဲကို အစ်ကိုရောက်မလာခြင်းကိုလည်း စိတ်မဆိုးဖြစ်ဘဲ အလိုက်သင့်သာနေမိသည်။

"အစ်ကိုရောက်မလာတာကို စိတ်မဆိုးဘူးမလား အက္ခရာ"

"ဟုတ်ကဲ့ မဆိုးပါဘူး ခရာနားလည်ပါတယ် ဒါပေမယ့်လာတော့လာစေချင်တာပေါ့"

"နောက်ဆို မင်းတို့နဲ့ငါကအမြဲတွေ့ရတော့မှာပါ အဲ့ဒီအခါ မင်းတို့ကို တစ်နှစ်တစ်ခါမင်္ဂလာပွဲပြန်လုပ်ပေးမယ် ငါတက်လို့ရတဲ့နှစ်တက်မယ်"

"ဟယ်!! အဲ့ဒါမျိုးဘယ်လိုရှိမှာလဲ အစ်ကို အဲ့လိုတွေပေါက်ကရပြောနေလို့ ကောင်မလေးမရှိတာနေမှာ သိလား"

"တန်ခိုးတောင်ရသေးတာ ငါကဘာလို့မရရမှာလဲ"

အစ်ကိုက ရှူးရှူးရှားရှားထအော်တိုင်း ခရာသဘောတကျရယ်နေကျဖြစ်ကာ ကိုကြီးကလည်း သူ့အစ်ကို လူပျိုကြီးကိုလိုက်စနေကျ။
မိဘချင်းကလည်း ရင်းနှီးနေကြ၍ ခုလိုတစ်အိမ်တည်းနေရသည့်အခါမှာ အတွေ့အကြုံကိုယ်စီ ဖလှယ်တတ်ကြကာ လူကြီးတွေစကားပြောတိုင်း ခရာထိုအနားကပ်ကာနားထောင်ဖြစ်သည်။
လူကြီးတွေရဲ့ဘဝအတွေ့အကြုံဟာ ခရာ့အတွက်တော့ ဗဟုသုတဟင်းလေးအိုးကြီးသာ…

PlayersWhere stories live. Discover now