44

5.9K 296 12
                                    

💛 Players ( Part - 44 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Baeအိပ်ပျော်သွားပြီမို့ မွေ့ရာပေါ်မှာကျကျနနချသိပ်ကာ စောင်ပါးလေးကိုရင်ဘတ်ပေါ်အထိ လွှမ်းခြုံပေးရင်း Airconကိုလျှော့ချပေးလိုက်သည်။
ပြီးမှအိပ်ခန်းထဲကထွက်လာခဲ့ကာ အလုပ်စားပွဲမှာထိုင်ပြီး Laptopကိုဖွင့်လိုက်တော့ Emailတွေတက်လာသောကြောင့် တစ်စောင်ချင်းဖတ်ကြည့်လိုက်ကာ Dateကိုတစ်ချက်ကြည့်မိ၏။

လောလောဆယ်တော့ စည်းက Singaporeမှာဖြစ်ပြီး Min Groupမှာ ဦးမင်းနှင့်မခြယ်သာရှိမည်ဖြစ်ကာ ဦးမင်းကိုဖမ်းလိုက်လျှင် မခြယ်ဗျာများသွားနိုင်သည်။
ဒါဆိုရင် စည်းကိုသေချာပေါက်ပြန်ခေါ်မှာမို့ သူ့Planကိုပြန်စဥ်းစားလိုက်ရင်း နားထင်ကိုတစ်ချက်ပွတ်ပြီး ဖုန်းကိုလှမ်းယူကာ Financeဒါရိုက်တာဆီသို့ ဖုန်းခေါ်လိုက်သည်။

"ပြောပါရှင့်"

"အခွန်ရှောင်ထားတဲ့ကိစ္စ အခွန်ရုံးကိုတိုင်လိုက်"

"ဟုတ်ကဲ့ ဆရာ"

"အခွန်ကလာစစ်ရင် စာရွက်စာတမ်းတွေကို သိမ်းကြမယ်ထင်တယ် အဲ့ဒီတော့ စာရင်းတိုင်းကို နှစ်စုံလုပ်ထားပေး.. တစ်စုံကိုအခွန်နဲ့ရဲဘက်ကိုအပ်လိုက်
ကျန်တဲ့တစ်စုံကို ကျွန်တော့်ဆီပို့ပေးထား"

"ဟုတ်ကဲ့"

"အဲ့ဒါပဲ တစ်ပတ်အတွင်းဖြစ်အောင်လုပ်ပါ"

သူ ဘာမှထပ်မပြောတော့ဘဲ ဖုန်းချပစ်လိုက်ပြီး chessခုံကိုတစ်ချက်လှမ်းကြည့်ကာ မြင်းရုပ်တစ်ရုပ်ကိုနေရာရွှေ့လိုက်သည်။
ဒီီမြင်းခုန်လိုက်လျှင် တစ်ဖက်က ရန်သူစစ်သူကြီးရုပ်ဟာ ကျဥ်းထဲကျပ်ထဲရောက်သွားမည့်အနေအထားဖြစ်ကာ ထိုစစ်သူကြီးနောက်မှာတော့ ရဲတိုက်ရုပ်ရှိနေပြန်သည်။
ထိုရဲတိုက်ရုပ်ကို ခပ်စူးစူးကြည့်နေမိပြီး ဘုတ်အဖွဲ့ခေါင်းဆောင်ဆီဖုန်းဆက်လိုက်ကာ လက်ကလည်း ရဲတိုက်ရုပ်အနီးသို့ နောက်ထပ်မြင်းတစ်ကောင်ဖြင့် ခွေပေးလိုက်သည်။

"ဟဲလို"

"အခွန်ရှောင်တဲ့ကိစ္စကို ဘယ်လိုအရေးယူလို့ရလဲ"

"အဖမ်းခံရနိုင်ပါတယ် ဒါပေမယ့်အာမခံရရင်တော့ ပြန်လွတ်နိုင်ပါတယ်"

PlayersWhere stories live. Discover now