(အပိုင်း ၂)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်(အခန်း ၃)
ည သည် ချစ်တေးကို ဆိုနေ၏။
လမင်းခမျာလည်း ပြုံးနေလျက်သား။
သန်းခေါင်ယံရှိ ညဉ့်ငှက်တို့သာ တေးဆိုခြင်း
အလုပ်ကို မလုပ်ဝံ့ကြ။ဒိုင်ယာရီစာအုပ်ကလေး ဖွင့်ကာ မျက်မှန်လေးဖြင့်
စာစီရေးသားနေသော ကောင်မလေးတစ်ယောက်မှာ
အချစ်ကို ပြုံးရွှင်ထူးမြူးကြည်သာစွာ ဆော့ကစားနေ
လေသည်။သို့သော် တစ်ဖက်သတ်အချစ်ဖြင့်သာ။
ကိုဇင်ကို ချစ်နေသည့် နန်းဝါဆိုသော ကောင်မလေး
တစ်ယောက် ညစဉ်ရက်ဆက် ဗျာများနေလေရဲ့။"ဟီဟိ ကိုကိုဇင်ဇင် ချစ်ချစ်ချင် ချစ်ချစ်မဝ
တို့ကိုကိုဇင်မှ ဟီး ဟိ ချစ်လိုက်တာ ကိုဇင်ရာ"နန်းဝါ ကြည်နူးစွာ ပြုံးမိလိုက်သည်။
ထိုစဉ် ……။
"ဗုန်း……ဝုန်း……"
"အမလေး ဘုရားနဲ့ ဗုဒ္ဓေါ"
ရုတ်တရက် မြည်ဟီးလိုက်သော အသံကြောင့်
နန်းဝါ ဘုရားတရားတကာ ယောင်ရမ်းအော်မိသွားလေ
သည်။"ဟဲ့ ချို ဒါ ဘာလုပ်တာလဲ ဘာဖြစ်လာရပြန်တာလဲ
မအိပ်သေးဘူးလား ညည်းနော် ညည်း အအိပ်ပျက်
အစားပျက်နဲ့ ဟွန်း မပြောချင်ဘူးနော်""ဟာ မမကလည်း သမီးစိတ်ညစ်ရတဲ့အထဲ"
"ဟောတော့ ဘာဖြစ်ရတာလဲ"
"သမီးခုနက လိုင်းသုံးနေတာ မေမေက
ရိုက်လွှတ်လိုက်လို့လေ""ဟဲ့ နည်းတောင်နည်းသေး နာရီလည်းကြည့်အုံး"
" (၁၀)နာရီထိုးပြီလေ"
"အေးလေ အဲ့တာ စောလား အိပ်တော့ ပေးဖုန်း"
"ဟင့်အင်း သမီးသီချင်းနားထောင် အိပ်အုံးမှာ"
"ချိုနော် မမက အခုမှ ဆယ်တန်းအောင်ခါစမို့
အလိုလိုက်ထားတာ အကန်းမတက်နဲ့ အမှန်တကယ်
ဆို မမကုန်စုံဆိုင်မှာတောင် ချို ကူပေးသင့်တာ မမက
ချို့ကို မခိုင်းရက်လို့ ပျင်းနေလည်း မမကို ကူပေး"