(အပိုင်း ၁)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်အခန်း (၁)
မိုးတွေ ညိုလာပြီ။
ကျောင်းစာသင်ခန်းလေး၏ တံခါးလေးမှ
နန်းဝါ နွမ်းလျော် ဖျော့တော့စွာ ကြည့်မိလိုက်သည်။မကြာတော့သည့် အချိန်တွင် ကောင်းကင်ကြီး
ရှိုက်ကြီးတငင်ငိုကြွေးရှာတော့မည်။"ဝုန်း ဒုန်း ဂျလိန်း ဂျိမ်း"
"အဟင့် အမလေး မေမေရေ့ မေမေ့"
အတန်းထဲရှိကလေးတွေအားလုံး ဆရာမရှိရာကို
ပြေးကာ ဖက်ကြလေသည်။သို့သော် နန်းဝါတော့
မပါပေ။ကြောက်ခမန်းလိလိ မိုးချုန်းသံတို့မှာ နန်းဝါ
အတွက်တော့ နားဆင်နေကြ သဘာဝတေးတစ်ပုဒ်
သာလျှင် ဖြစ်နေလေပြီ။စာသင်ခန်းအပြင်တွင် မိုးများ ဖြိုးဖြောက်
သည်းထန်စွာ ရွာနေလေပြီ။ကျောင်းလည်း ဆင်းလေပြီ။
အခြားသူတို့၏ မိဘများ အလျှိုလျှို လာခေါ်
နေကြလေပြီ။နန်းဝါ ငေးကာကြည့်နေမိသည်။
နန်းဝါမှာ ကျောပိုးပွေ့ကာ လာ၍ကြိုမည့် ဖေဖေ
မရှိတော့။ဖေဖေဆုံးသွားသည်မှာလည်း ကြာလေ
ပြီ။မေမေလည်း အခုချိန်ဆိုလျှင် ကလေးတစ်ဖက်
နှင့် စျေးသိမ်းနေလောက်မည်။ဟူး……။
အသက် ၁၀ နှစ်ရွယ် ကလေးမလေးခမျာ
သက်ပြင်းတစ်ချက်ချရင်း သည်းနေသောမိုးထဲ
သို့ ပြေးဝင်ဖို့ရန် ဆိုင်းငံ့နေလေ၏။"ဟင်…"
ရုတ်တရက် အနောက်မှ လာကိုင်လိုက်သော
နူးညံ့သည့်လက်တစ်စုံ။"နေအုံး ကလေးမ ရော့ ဒီထီးကို
ဆောင်းပြီးပြန်""ဟို အစ်ကိုကြ"
"အစ်ကိုက ရတယ် ရော့ ယူထား ဟော ဟိုမှာ
အိမ်ကလာကြိုပြီ"မိုးစက်များကြား ပြေးလွှားထွက်သွားသော
နန်းဝါတို့ အိမ်နားမှ ကိုကြီးက နန်းဝါကို ထီးလေး
ပေးသွားသည်။မျက်မှန်လေးတပ်ကာ စာတော်သော၊
သဘောကောင်းသော၊ ရုပ်ချောသော နန်းဝါ ဘဝ
အတွက် မင်းသားလေးတစ်ပါးဖြစ်သော အစ်ကိုကြီး။