Part 15

4.6K 178 20
                                    

လွန်ခဲ့သော ၄၂ နှစ်ခန့်က
---------------------------------
မဟာအိမ်တော်နဲ့ အိမ်ပြာတော်တို့ဟာ အမြဲပြိုင်ဆိုင်နေကြတဲ့ အိမ်တော်တွေပဲဖြစ်ကြတယ်။ တစ်ခုမဟုတ် တစ်ခုပြိုင်ဆိုင်ကြတယ်။ မျိုးရိုးမြင့် Alpha တွေကြီးပဲ မွေးထုတ်ပေးနေကြဖြစ်တဲ့ အိမ်တော်နှစ်ခုလုံးဟာ တစ်နိုင်ငံလုံးမှာ အင်အားအကြီးဆုံး အိမ်တော်တွေပဲဖြစ်တယ်။

တစ်နေ့မှာတော့ မဟာအိမ်တော်ရဲ့ သခင်ကြီး မြင့်မြတ်မဟာမှ သားဦးလေးကို ဖွားမြင်ခဲ့တယ်။ နေတက်ချိန်မှာ မွေးတာကြောင့် နေမင်းကြီးလို့အမည်ရတဲ့ သူရိန်မဟာဆိုတဲ့နာမည်ကိုပေးခဲ့တယ်။

ထိုနေ့မှာပဲ အိမ်ပြာတော်မှာလဲ သားဦး‌တစ်ယောက်မွေးလာခဲ့ပြန်တယ်။ ထိုကလေးကို ဝဏ္ဏမင်း လို့နာမည်ပေးခဲ့ကြတယ်တယ်။

နှစ်ဦးလုံးက Dominant Alpha အဖြစ်မွေးဖွားလာတဲ့အပြင်
ငယ်ငယ်တည်းက ပြိုင်ဆိုင်မှုတွေနဲ့ ကြီးပြင်းလာတဲ့ သူတို့နှစ်ယောက်က တစ်ဦးနဲ့တစ်ဦးလဲ တွေ့တာနဲ့ တစ်ခုမဟုတ်တစ်ခုပြဿနာဖြစ်ကြတာပါပဲ။

သူတို့ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ပြင်းထန်နဲ့ပြိုင်ဆိုင်မှုတွေရှိပြီး တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ကြပေမယ့် သူတို့ရဲ့နှစ်လုံးသားကတော့ သူမတစ်ယောက်ထဲကိုထပ်တူချစ်ခဲ့မိကြတယ်။

သူမနာမည်က နွယ်နီဝေ။ မိန်းကလေး Alpha တစ်ယောက်။ မျိုးရိုးမြင့်အသိုင်းဝိုင်းကဖြစ်တဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် လူအများမျက်လုံးထဲမှာ ထင်းထွက်နေတော့တာပဲ။ လှပတဲ့ ရွှေဝါရောင် အသားအရည် မြင့်မားတဲ့အရပ် ပြေပြစ်လှတဲ့ ခန္ဓာကိုယ် ထက်မြက်တဲ့ ဉာဏ်ရည်တို့က ယောက်ျား၊မိန်းမ၊omega၊alpha မရွေး သည်းသည်းလှုပ်ဖြစ်စေခဲ့တယ်။ ထိုထဲမှာမှ မဟာအိမ်တော်ရဲ့ သခင်လေး သူရိန်မဟာနဲ့ အိမ်ပြာတော်ရဲ့ သခင်လေး ဝဏ္ဏမင်းတို့ကလည်းအပါအဝင်ပါပဲ။

"သူရိန် ဟိုမှာနွယ်နီ"

"‌ငါမြင်တယ်"

"မင်း ပန်းထားပြီးပြီလား"

"အွန်း"

"အားးး ငါတို့ဘော်ဒါကြီးရှက်နေတယ်ကွ ဟားးးးဟားးးးဟားးးး"

LOVE POISON { Season 1 }Where stories live. Discover now