Part 3

8.1K 324 15
                                    

မျက်လုံးကိုနေရောင်ထိုးလာတာကြောင့် သုတတစ်ယောက်အိပ်နေရာကနိုးလာတော့သည်။
"အွန်း......."
တစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့် ဖြည်းဖြည်းချင်းအားယူပြီးထလိုက်ရတယ်။ဘေးဘီကြည့်လိုက်မှ နေရာသစ်ဖြစ်မှန်းသတိထားမိတာကြောင့် ဒါဦးကွန်ဒိုကအိပ်ခန်းမှန်းသိလိုက်ရပြီလေ။
"ဒါဆိုညကဟာတွေက အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းခဲ့တာမပြည့်ဘူးပေါ့"
ကုတင်ခြေရင်းကဗီရိုမှန်မှာမိမိကိုယ်မိမိပြန်ကြည့်တဲ့အခါမှ မျက်နှာမှာသွေးတွေပေနေတာမျိုးမရှိတော့ပေမယ့် ညကထက်ပိုရောင်နေသလိုပင်။ဘယ်တက်နိုင်မလဲ မှန်ထဲကကိုယ့်ကိုယ်ကိုသာအသက်မဲ့တဲ့မျက်လုံးတွေနဲ့ ပြန်ပြုံးပြလိုက်တော့တယ်။အဝတ်အစားတွေကတော့ဦးရဲ့ရှပ်အင်္ကျီနဲ့ ဘောင်းဘီထင်တယ် ကိုယ့်ကိုယ်လုံးနဲ့ကြပွနေရော။
"ဦး ပဲအဝတ်အစားလဲပေးသွားတာထင်ပါတယ် အားနာလိုက်တာ"
အနာတွေကိုကြမ်းကြမ်းတမ်းတမ်းမထိမိ‌အောင်ဂရုစိုက်ပြီးမျက်နှာသစ်၊သွားတိုက်ကာအပြင်ထွက်လာလိုက်သည်။ဧည့်ခန်းမှာ ဦး ကို‌မတွေ့ ။ဒါကြောင့်ထမင်းစားခန်းထဲသွားကြည့်တော့လဲမတွေ့ ရေခဲသေတ္တာမှာတော့ စာရွက်လေးကပ်ထားတာတွေ့သည်။
("သုတ နိုးလာရင် ရေခဲသေတ္တာထဲကဆန်ပြုတ်ကိုပြန်နွှေးပြီးသောက်လိုက်ပါ။ဦးကအရေးကြီးအလုပ်ကိစ္စရှိလို့ မနက်ကပဲနယ်စပ်ဘက်သွားပြီ။ နေသစ်ကိုမခေါ်ဖို့ပြောပေမယ့် မင်းရဲ့မိသားစုကိုခုအခြေအနေမှာခေါ်လိုက်တာထက် နေသစ်ကိုခေါ်တာကပိုကောင်းမယ်ထင်လို့ ခေါ်လိုက်မိတယ်။ကောင်းကောင်းအနားယူပါ ။
                                                           "ဦး")
‌"နေသစ်သိသွားပြီပဲ အေးပေါ့လေ နောက်လည်းသိမှာပဲကို"
ဦးမှာခဲ့တဲ့အတိုင်း ရေခဲသေတ္တာထဲကနေဆန်ပြုတ်ပန်းကန်ကိုထုတ်လိုက်တယ်။ဆန်ပြုတ်စားဖို့ပြင်နေတုန်း ဝုန်းကနဲ တံခါးဖွင့်သံကြားလိုက်တာနဲ့ နေသစ်လာပြီဆိုတာကြိုသိလိုက်တယ်။

"သုတ! မင်းဘယ်မှာလဲ သုတ!!!သုတ!!!"
"ငါ မီးဖိုချောင်မှာ"
"အေးငါလာပြီ"
နေသစ်ကိုဘယ်ကနေဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး။
"ငါ့ကိုပြစမ်း ဟာ...စုတ်ပြတ်သတ်‌နေတာပဲ ဘယ်ကောင်လုပ်တာလဲပြောစမ်း"
"အာ...ငါညကလမ်းမှာခါးပိုက်နှိုက်ခံရတာ အဲ့တာကြောင့်ပါ"
"မင်းခါးပိုက်နှိုက်က ဟိုတယ် 9 လွှာထိတက်နှိုက်တာလား။"
"မင်းဘယ်လိုသိတာလဲ။"
"ငါ့အဖေမသေသေးဘူးငုတ်တုတ်ကြီး သူ့ကိုမေးတာပေါ့"
"ဦးကလည်းဘာလို့ပြောပြလိုက်မှန်းမသိဘူး"
"မင်းခုငါ့ကိုပြောပြမလား အဲ့ဟိုတယ်သွားပြီးအဖြေသိရအောင်သောင်းကျန်းရမလား။"
"ဟာ...မလုပ်ပါနဲ့ ငါအဲ့မှာသီရိနဲ့စကားများကြရင်းနဲ့ သူ့သူငယ်ချင်းနဲ့စကားဆက်များပြီးရန်ဖြစ်ကြတာ"
"အဲ့ဟာမဆီ မင်းကဘာကိစ္စသွားတာလဲ"
"အဲ့တာကအရေးမကြီးပါဘူး အရေးကြီးတာက ငါ့အိမ်ကိုဖုန်းဆက်ပြီး မင်းဆီမှာတစ်ပတ်လောက်နေမယ်လို့ပြောပေး"
"အေးပြောပေးမယ် အဲ့တာထားစမ်းပါ ခုအဲ့ဟာမကမင်းဆီကိုဖုန်းတောင်မဆက်ဘူးလား။"
"ငါနဲ့သူနဲ့ပြတ်သွားပြီ အဲ့ကိစ္စမေ့လိုက်ပါတော့ ငါ့ကိုနောက်တစ်ခုကူညီပေးဦး ငါကျောင်းတစ်ပတ်လောက်မသွားဘူး ခွင့်တိုင်ပေး"
"အေးမင်းရုပ်နဲ့လည်းသွားလို့မရပါဘူး ငါပါဒီမှာတစ်ပတ်နေရတော့မှာပေါ့ ပေးမင်းဆန်ပြုတ်နွှေးပေးမယ်။"
"အဲ့လို့လိမ္မာစမ်းပါ။ ဟာ...နေသစ်အရေးကြီးတာမေ့တော့မလို့ မနက်ဖြန်ကြကျောင်းသားသစ်လာမှာ မင်းငါ့အစားကူညီပေးလိုက်ဦး"
"ဟာ ရှုပ်ရှုပ်ရှက်ရှက်ကွာ "
"လုပ်ပါ ငါကတိပေးပြီးသားဖြစ်နေတယ်လေ ငါ့ရုပ်နဲ့ ကြအဆင်မပြေလို့ တစ်ပတ်ထဲပါကွာပိတ်ရက်တောင်ရော့ဦးမယ်။"
"အေးကွာ"
ကိုယ်မသွားနိုင်လို့သာသူ့အကူညီတောင်းရတာ သူစိတ်မရှည်ပုံနဲ့အဆင်ပြေပါ့မလားတောင်မသေချာဘူး
_________________

LOVE POISON { Season 1 }Where stories live. Discover now