မြွေဖြူအရှင်
အပိုင်း၂၂မနက်က ဝဏ္ဏနဲ့ပြသနာတတ်ထားတာကြောင့်
အသင်္ခရာဂူပြင်မထွက်ဘဲ စိတ်ငြိမ်သွားအောင်တရားထိုင်နေခဲ့သည်
ထိုစဥ် ဂူထဲထိုးဖောက်ဝင်ရောက်လာသော လူစိမ်းအနံ့အားခံစား
လိုက်ရသည်"ဂူထဲလူဝင်လာတယ် သွားကြည့်စမ်းသိင်္ခနဲ့လင်္ကာ"
"မှန်ပါ့"
သူ့အမိန့်ရတာနဲ့ သိင်္ခနဲ့ လင်္ကာက မြွေအသွင်ပြောင်းသွားပြီး
ဂူပေါက်ရှိရာသို့လျှောတိုက်ထွက်သွားသည်အောက်လမ်းဆရာသာဂနဲ့ ဦးရာမတို့သည်
အသင်္ခရာအားသတ်ရန်ဂူအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသည်"ဂူကအရမ်းကျယ်ပြီးလမ်းတွေများသား.."
"ဟုတ်တယ် အသင်္ခရာကဒီဂူရဲ့အနက်ဆုံးအပိုင်းမှာရတနာတွေကိုစောင့်ကြပ်နေတယ်
လမ်းတွေကတော့ သူနေထိုင်တဲ့နေရာကိုကျုပ်တို့တွေအလျင်အမြန်မရောက်နိုင်အောင်လှည့်စားထားတာ
သတိထားနေတော့သူ့ဂူထဲကျုပ်တို့ ရောက်နေတာ သူသိသွားလောက်ပြီ""အင်း....."
သူတို့လမ်းအနည်းငယ်သာ ဆက်လျှောက်ရသေးတယ်
ကျယ်လောင်တဲ့မြွေတွန်သံနှစ်ခုကိုကြားလိုက်ရတာကြောင့် ခြေလှမ်းတို့တန့်လိုက်သည်"အခုလာနေတာ အသင်္ခရာလား"
"မဟုတ်ဘူး သူ့အစေအပါးတွေ ရော့ ဒီမြက်ကိုယူထား
သူတို့အနားမကပ်လာဘူး"သာဂ ဦးရာမကိုမြွေလျှာမြက်လှမ်းပေးလိုက်ပြီးနောက်
ဓါးတိုတစ်လက်ကို ဂါထာတွေမန်းမှုတ်နေတယ်
ဦးရာမကတော့မြွေလျှာမြက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားရင်း ဂူပတ်ပတ်လည်အားစစ်ဆေးကြည့်ရှုနေတယ်"သာ...သာဂဟိုမှာမြွေကြီးနှစ်ကောင်.."
ကြီးမားလွန်းသည့် မြွေနက်ကြီးနှင့် မြွေစိမ်းကြီးကို
မြင်သည့်အခါ ဦးရာမအလန့်တကြားအော်လိုက်သည်"မကြောက်နဲ့..ကျုပ်ပေးထားတဲ့မြွေလျှာမြက်ကိုသာသေချာကိုင်ထား"
ထိုသို့ပြောပြီးတာနဲ့ သာဂက မန်းမှုတ်ထားတဲ့ ဓါးကိုသေချာကိုင်ကာ
အနားတိုးကပ်သွားသည်
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်