မြွေဖြူအရှင်
အပိုင်း၁၀"ကိုကို...."
ဝဏ္ဏတို့အနားကို ရွှေကမျက်နှာငယ်လေးနှင့်ရောက်လာသည်
"ရွှေကိုစိတ်ဆိုးနေတာလားဟင်...."
ဝဏ္ဏစိတ်အလိုမကျမှုကြောင့် မျက်နှာတည်တင်းစွာဖြင့်
"ရွှေမင်းကိုငါစိတ်ဆိုးတာမဟုတ်ဘူး စိတ်ကုန်တာ မင်းယူလာတဲ့ဘာမှန်းမသိတဲ့အရာကြောင့် အသင်္ခရာဘယ်လောက်ထိခိုက်သွားနိုင်လဲသိရဲ့လား""ရွှေတောင်းပန်ပါတယ်"
"မင်းငါ့ကိုမတောင်းပန်နဲ့ အသင်္ခရာကိုသာတောင်းပန်"
ရွှေစိတ်ထဲအောင့်သက်သက်ခံစားလိုက်ရသော်လည်း
ဟန်ဆောင်ပြုံးရင်း
"ရွှေ အသင်္ခရာကိုတောင်းပန်ပါတယ်နော်""ရပါတယ်...."
"ရွှေကိုခွင့်လွှတ်တယ်ဆို ဒီမုန့်လက်နှိပ်လေးစားပါလား အသင်္ခရာအတွက်သီးသန့်ဝယ်ခဲ့တာ"
ရွှေအကြံအစည်နဲ့ယူဆောင်လာတဲ့မုန့်ကိုအသင်္ခရာလက်ထဲ
ထည့်ပေးလိုက်သည်
စားလိုက်စမ်း! ရှင်အဲ့တာကိုစားလိုက်တာနဲ့ ရှင်သရုပ်မှန်ကို ကိုကိုမြင်ရတော့မှာ
ဆရာသာဂပြောတယ် ရှင်သရုပ်မှန်ပေါ်လာပြီးရင် ကိုကို ကျွန်မကိုပြန်ချစ်အောင်လုပ်ပေးနိုင်တယ်တဲ့အသင်္ခရာလက်ထဲရောက်လာတဲ့မုန့်ကို
စားဖို့ စိတ်ထဲမတင်မကျဖြစ်နေသည်"ဘာလို့မစားလဲဟင် ရွှေတောင်းပန်တာကိုလက်မခံနိုင်လို့လား....."
"မဟုတ်ပါဘူး ...."
နောက်ဆုံးတော့ ဒီမိန်းမငယ်လေးကသူ့ကိုထိခိုက်အောင်လုပ်နိုင်စွမ်းမရှိပါဘူးဟု
တွေးပြီး ထန်းလျက်ရည်သုပ်ထားတဲ့ မုန့်တစ်ဖဲ့ကိုပါးစပ်ထဲထည့်လိုက်တယ်
ဝါးမယ်ကြံတုန်း မုန့်ကတစ်ခုခုထူးဆန်းနေတာခံစားမိသွားပြီး
ချက်ချင်းပြန်ထွေးထုပ်လိုက်သည်"ဝေါ့! အဟွတ်...."
"အသင်္ခရာ...."
ဝဏ္ဏ ချစ်ရသူကျောလေးကို စိုးရိမ်တကြီးလှမ်းပုတ်ပေးပြီး
မြေပြင်ကိုငုံ့ကြည့်လိုက်တော့ အန်ချလိုက်တဲ့မုန်တွေရှိနေရမဲ့အစား
လောက်တွေတဖွေးဖွေးထနေသည့် သွေးအိုင်ကြီးကိုတွေ့လိုက်ရသည်
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်