Part 7

2.8K 143 0
                                    

"မြတ်နိုးမှုပေါင်းများစွာကို ကာရံထားတဲ့ အလွှာပါးလေးဟာ အချစ် ဖြစ်သည် ''

သီချင်းထဲ မှာ ကျမ ရဲ့ ကိုယ်စားပြု နာမ်စားလေး * Star * ဆိုတာ လေး ပါတဲ့ အတွက်ကြောင့် ' လရောင်' က နှစ်သက်သည် တဲ့

" လရောင် '' ကျမ ကို ' လရောင်' ရဲ့ ခံစားချက်တစ်ခုခု ကို ဖော်ပြချင်တာကို ကျမ သဘော​ပေါက်လိုက်သည် ဒါပေမယ့် ဘာကို ရည်ရွယ် တဲ့ ခံစားချက်လဲ ဆို တာ ကျမ သေချာတော့ မခန့်မှန်းတတ်သေးဘူး

သေချာတာ တစ်ခု ကတော့ ' လရောင် ' ဟာ ကျမ ကို အလေး ထား သည် ဆိုတာတော့ ကြိမ်းသေသည်

ကျမ ' လရောင် ' ကို စိုက်ကြည့်နေတာကြောင့်

" လရောင် '' က ပြုံးပြီးတော့ အစ်မ ဘာတွေ စဥ်းစားနေတာ လဲ ဟင် ဟု ပြောမှ ကျမ သတိ ဝင်လာသည်

ဒီလို လေ ' လရောင် ' အစ်မ ကို များ ' လရောင် ' ရဲ့ နှလုံးသား တံခါး လေး ကို သီချင်းလေးထဲကနေ ဖွင့် ပေးလိုက်တာများလားလို့  အစ်မ စဥ်းစားမိလို့ပါ

အစ်မ က ဘယ်လို ထင်လို့လဲ

' လရောင် ' ကိုယ်တိုင်က ကို အစ်မ ကို နီးစပ် ချင်တာများလားလို့ပါ

ဟုတ်တယ် ဆိုရင်ကော

ဟုတ််တယ် ဆိုရင်တော့ ဝမ်းသာ ကြည်နူးမယ့်သူက အစ်မ ပဲ ပေါ့ ' လရောင်' ရာ

အဲ့ဒီအတိုင်း အစ်မ မျှော်လင့်လို့ရပါတယ်

ကျေးဇူးပါ နော် 'လရောင် ' အစ်မ မင်းနဲ့ တွေ့ဆုံရတာ တစ်ကယ် ကို ပျော်ရွှင်စရာပဲ စိတ်အေးချမ်းရတယ် မင်းနဲ့ တွေ့တဲ့ အခါ အစ်မ ဆီကို ထူးထူးဆန်းဆန်း ခံစားချက်တွေ ရောက်ရှိနေသလိုပဲ တစ်ခုခု က အစ်မ ကို ဆွဲငင်နေသလို ခံစားရတဲ့ အငွေ့အသက်မျိုးပဲ အဲ့ဒီခံစားချက် ကို အစ်မ ကြိုက်တယ်

အစ်မ ပြောနေချိန် အစ်မ မျက်လုံး​တွေဟာ ကြည်လင်ပြီး ဝင်လဲ့လဲ့ တောက်ပနေသည် ထို့ကြောင့် အစ်မ ပြောသမျှ ဟာ တစ်ကယ် စစ်မှန်တဲ့ စကားတွေဆို တာ ကျမ ယုံကြည်တယ်

" လရောင် '' ကို အစ်မ ပြောစရာ ရှိသေးတယ်

ဟုတ် ဘာများလဲ အစ်မ

It's You Where stories live. Discover now