Part 2

4.7K 249 1
                                    

"ရေစက် ရှိရင် ဘယ်အရာမှ ငြင်းဆိုလို့မရပါဘူး "

ထိုကောင်မလေးနဲ့ တွေ့ခဲ့တာ တစ်ပတ် ပြည့်တဲ့နေ့ ကျမ အသည်းကွဲသည်လေး ဖြစ်ခဲ့တာ တစ်ပတ်တောင် ပြည့်သွားပြီပဲ အချိန်တွေ သွားတာ မြန်လိုက်တာ မိန်းခလေး တစ်ယောက်ကို ခုလို တွေးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိဘူး ဒီကောင်မလေး ဟာ ကျမ ကို တစ်ခုခုနဲ့ များဆွဲဆောင်ခဲ့လေသလား ပဲ ကျမ တွေးနေတုန်း Ph Ringtone သံ ပေါ်ထွက်လာသည် Contact ကို ကြည့်လိုက်တော့ ကျမ သူငယ်ချင်းကြီး မြူနှင်း ကျမ တစ်ချက်ပြုံးလိုက်ပြီး Ph ကို ကိုင်လိုက်တယ်

Hello

Hello လုပ်မနေနဲ့ ငွေစင် အခုဘာလုပ်နေလဲ

ငါလား အိပ်ယာထဲ မှာပေါ့ ဘာဖြစ်လို့လဲ ဟု ကျမ ပြန်မေးလိုက်သည်

Myanmar Plaza အခုလာခဲ့ဟာ တစ်ခုခု စားပြီး စကားပြောရအောင် ပြီးတော့ နင့် ဟိုတစ်ယောက်နဲ့ ပြတ်သွားတဲ့ အကြောင်းလည်း ပြောပြအုံး

အော် အေးပါဟယ် ငါ လာ ခဲ့ မယ်လေ နင်ရောက်နေပြီလား

မရောက်သေးဘူး ငွေစင် ထွက်တော့ ထွက်လာနေပြီ အဲ့ဒါကြောင့် မြန်မြန်ပြင်ဆင်ပြီး ထွက်ခဲ့လေနော်

ဟုတ်ပြီ မြူ ဒါပဲနော်

ကျမ Phone ချ ပြီး မြန်မြန်ပြင်ဆင်လိုက်တော့သည်

Shirt အဖြူလေးကို မှ Jean လေးနဲ့ တွဲဝတ်လိုက်သည် မျက်နှာကို လည်း လိုသလောက်လေး ပြင်ဆင် ပြီး ကားမောင်းထွက်ခဲ့လိုက်သည်

Myanmar Plaza ရောက်တော့ ကျမ မြူ့ကို Phone ခေါ်လိုက်သည်

မြူ ဘယ်ဆိုင်ကို ငွေစင် လာရမလဲ

အဲ့ဒါဆို အဲ့ Coffee ဆိုင်ကို လာခဲ့မယ်နော် ဟုတ်ပြီ ဟုတ်ပြီ မြူ

မြူ ဟု ကျမ ခေါ်လိုက်တယ်

ငွေစင် လာ လေ ဟု မြူ က ပြုံးရင် ကျမ ကို ကြည့်နေသည်

မတွေ့ရတာ ကြာတော့ ငွေစင် နင် ပိုချောပြီး ပိုလာလှ တယ်နော် ဘာလဲ ပြော အသည်း ကွဲ သွားလို့လား

ဟုတ်မှာပေါ့ ​မြူ ဟု ကျမ ရယ်ရင်း ပြောလိုက်တယ်

ဘာသောက်မလဲ ​မြူ မှာ ပေးမယ် လေ

It's You Where stories live. Discover now