056:ပြေးရအောင်

830 164 4
                                    

Unicode

နံနက်ငါးနာရီ သို့မဟုတ် ခြောက်နာရီတွင် အွန်လိုင်းပေါ်ရှိသူများသည် များသောအားဖြင့် ညဥ့်ဇီးကွက်များ သို့မဟုတ် အခြားအချိန်ဇုန်တွင် နေထိုင်ကြသူများဖြစ်သည်။

သို့သော် မည်သည့်အမျိုးအစားတွင်ပါဝင်သည်ဖြစ်စေ "အားကျင့်" ဟူသောအမည်သည် လူတိုင်း၏အာရုံကို စွဲဆောင်နိုင်ဆဲဖြစ်သည်။

ထို့ကြောင့် ကြီးမြတ်သောနတ်ဘုရား၏ ဇနီးသည် Wild Boss အား အမည်မသိလူတစ်ဦးနှင့် သတ်ဖြတ်လိုက်ကြောင်း ကြေငြာချက်အား မြင်တွေ့လိုက်ရသည်နှင့်World ချန်နယ်သည် တုန်လှုပ်သွားပြန်သည်။

World ချန်နယ် 'အရိပ်'- "ဒီ ရှူကျီးကျာ့လန် က ဘယ်သူလဲ? သူကဘာလို့ အားကျင့်နဲ့ရှိနေတာလဲ?"

World ချန်နယ် 'ဝါးဘုန်းကြီး'- "သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး..."

World ချန်နယ် 'မြောင် ငါးလေး'- "နှလုံးသားမဲ့ မီးက အခု အွန်လိုင်းမှာ မရှိသေးဘူးလေ ဒါက တကယ့်ကို ကြီးမြတ်တဲ့နတ်ဘုရား ရဲ့ ဇနီးလား?"

Worldချန်နယ်'အင်းစက်တွေကြားက အချောလေး'- "စစ်ဆေးဖို့အတွက် အဖွဲ့ ဖွဲ့ချင်ကြလား?"

World ချန်နယ် 'ရှုရှန်'- "ငါ့ကိုထည့်!"

World ချန်နယ် 'အိုက်စ် မိုခါမဟုတ်ဘူး' - "ရူးလိုက်တာ အာရူးလိုက်တာ။ မင်းတို့ အဲဒီကိုရောက်ရင် သူတို့ ထွက်သွားတာကြာနေလောက်ပြီ..."

......

ရှူကျီးကျာ့လန် သည် World ချန်နယ် တွင် Wild Boos များကို သတ်ဖြတ်သည့် နာမည်များ ပေါ်လာမည်ကို ယခင်ကထဲက မသိခဲ့သဖြင့် ထိုနေရာတွင် အတင်းအဖျင်းစကားများကို ဂရုမစိုက်ခဲ့ပေ။
ဝါးနတ်ဆိုးကို သတ်လိုက်သည့်အခိုက်တွင် သူ ဂရုမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။

နတ် ဝိညာဉ်ကစားသမားနှစ်ဦးသည်ပြုတ်ကျနေသောမျှစ်များကို မထိမီ လက်နှစ်ဖက်ကိုဆုပ်လိုက်ကာ  "Amitabha" ဟု တိတ်တဆိတ်ရွတ်ဆိုခဲ့သည်။ ရွှေရောင်တဖျပ်ဖျပ်လတ်ကာ  World ချန်နယ် တွင် ကြေငြာချက်တစ်ဖန်ပေါ်လာပြန်သည်

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now