Unicode
"သမီးလေး ဘာလို့ငိုနေတာလဲ"
"ဟင်..ဖေဖေ"
သခင့်ဆီကပြန်အလာ အိမ်ရောက်တော့မထိန်းနိုင်စွာငိုချမိ၏။ကိုယ့်အခန်းထဲဘယ်သူ့မှဝင်မလာလောက်ဘူးထင်ကာတံခါးမပိတ်မိခဲ့။ဖေဖေက ဘယ်လောက်ပဲအရေးကြီးကြီးတံခါးခေါက်ပြီးမှသာဝင်တတ်သည်။ဒီနေ့မှဖေဖေဟာတံခါးမခေါက်ဘဲဝင်လာခဲ့သည်။
ဖေဖေလည်းတံခါးခေါက်ရမှာမေ့သွားသည်ထင်ပါရဲ့။
အခုတော့ကိုယ် ငိုနေတာဖေဖေသိသွားခဲ့သည်။"ပြောဖေဖေ့ကို လွန်းလေးကသမီးကိုဆူလိုက်လို့လား"
"မဟုတ်ပါဘူးဖေဖေ"
"ကဲဒါဆိုဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
"ဖေဖေ့ကိုမညာပါနဲ့...သမီးမမကြောင့်ငိုလာတာဖေဖေသိတယ် ဖေဖေ့ကိုပြောပြနော်"
"ဟင့်ဟင့်..ဖေဖေ သခင့်မှာချစ်သူရှိနေပြီ...လင်းလေအရမ်းဝမ်းနည်းတယ်ဖေဖေ...သခင့်ကိုသူများဆီပါသွားမှာကြောက်တယ်.."
"သမီးလေးကဘာလို့လွန်းလေးကိုသူများဆီပါမှာကြောက်တာတုန်း"
"လင်းမသိဘူးဖေဖေ..ဒါပေမဲ့ သခင်ကိုဆုံးရှုံရမှာကြောက်တယ်..သခင့်ကိုဆုံးရှုံးရပြီလို့တွေးကြည့်ရင်သမီးရင်ဘတ်တွေအောင့်လာတယ်"
မပိုင်ဆိုင်ဖူးပါဘဲဆုံးရှုံးမှာကြောက်နေတာတော့ရယ်ချင်စရာကောင်းလွန်းသည်မဟုတ်လား။ဒါပေမဲ့လည်း သခင့်ကိုမဆုံးရှုံးချင်ပါ။
"သမီးဘာမှစိတ်မပူနဲ့ ...သမီးမမကိုဘယ်သူမှ သမီးဆီကယူလို့မရအောင်ဖေဖေကာကွယ်ပေးမယ်"
"ဖေဖေကဘယ်လိုကာကွယ်ပေးမှာလဲ"
မယုံတယုံမျက်ဝန်းတွေနဲ့ဖေဖေ့ကိုကြည့်လိုက်မိ၏။တကယ်တမ်းတော့ဖေဖေဟာ ကိုယ်လိုချင်သမျှကိုရအောင်လုပ်ပေးခဲ့တာချည်းပါပဲ။အခုကိစ္စမှာလည်း ဖေဖေကူညီနိုင်ရင်သိပ်ကောင်းမှာပဲ။
"ဒါတော့သမီးကိုပြောပြလို့မရသေးဘူး..အချိန်ကျရင်တော့ဖေဖေစီစဉ်တာလက်ခံရမယ်နော်"
"ဟုတ်"
လင်း ဘာမှန်းမသိပါဘဲ 'ဟုတ်'တစ်လုံးဖြင့်ခေါင်းညိတ်လိုက်မိ၏။
YOU ARE READING
သခင် (Completed)
Romanceသခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်...