အခန်း(၃၅)[ ပြီးဆုံး]

7.4K 190 2
                                    

မနက်မိုးလင်းလို့နေ့ရောင်စထွက်ချိန် သူ့ထက်သာတစ်ယောက်ကောင်းကင်ကိုမော့ကြည့်လျက်စိတ်တိုလာသည်။စိတ်အခြေအနေကောင်းအောင်မနက်စောစောထလာပါသော်လည်း မျက်ရည်ကအလိုလိုစီးကျနေပါသေးသည်။ တစ်ညလုံးလဲငိုထားသဖြင့်မျက်လုံးတစ်ဝိုက်လုံးတွင်လည်းစပ်ဖျင်းဖျင်းခံစားချက်ရနေသည်။ တကယ့်ကိုရင်နာဖို့ကောင်းလှသည်မဟုတ်လား လင်းညို့ကနည်းနည်းလေးတောင်လာမချော့။

"သူ့ထက်သာအိမ်နောက်ဘေးမှာထပ်ငိုမနေနဲ့ ဒီမှာနွားတွေအစာလာကျွေးချေ"

အမေဖြစ်သူအော်ခေါ်သံကြောင့် သူ့ထက်သာမထချင်ထချင်နဲ့ထရသည်။ အမေကတော့ကွာရှင်းဆိုတဲ့စကားအားပြောတော့အင်းမလုပ်အဲမလုပ်နဲ့ ရိုက်ခံရမည်ထင်သော်လည်းပှံမှန်လိုပဲဆက်ဆံသည်။

"ရော့ ရော့ ဒါတွေနွားစာခွက်ထဲသွားထည့်အိမ်မှာနေရင်တော့အိမ်အလုပ်လုပ်ရမယ်ငိုနေတာတွေငါထပ်မမြင်ချင်ဘူး နင့်ဟာနင်မဟုတ်တမ်းစကားတွေပြောခဲ့လို့ဖြစ်လာတာတွေဒီလိုလုပ်နေလို့ဘာမှဖြစ်မလာဘူး"

သူ့ထက်သာအလိုလိုနေမှဝမ်းနည်းနေတယ်ဆိုမှ
အမေကသူ့ကိုအမှားပါလို့ပြောနေသည်ကြောင့်

"အမေကဘာသိလို့လဲ အဲ့လူသားကိုအမြဲလိမ်နေတာ
တကယ်ခံရခက်တယ် ပြီးတော့...အဲ့ဒီလူကသားကိုကွာရှင်းဖို့အရင်​ပြောတာ အခုကြည့်အမှန်တကယ်တော့ဒီကိစ္စကအဲ့လောက်အကြီးကြီးမဟုတ်ဘူး
သူသားကိုချော့ပြောရင်တောင်လက်ခံနိုင်ပါသေးတယ် သူကိုကပြတ်ပြတ်သားသားဖြစ်သွားပြီ"

ဒေါ်စိန်ကြည် သူမရှေ့ကငိုမဲ့မဲ့မျက်နှာဖြစ်နေသောသားဖြစ်သူအား

"နင့်လည်းငါမပြောချင်တော့ဘူး ဒီကိစ္စတွေကသားအရင်စလို့ဖြစ်လာတွေပဲ ကိုယ့်ခင်ပွန်းကို အကြွင်းမဲ့
ယုံထားရမဲ့ဟာသားကအဲ့လိုသမုတ်သလိုစကားတွေသွားပြောတာကိုမောင်လင်းညို့လည်းဘယ်သည်းခံနိုင်မလဲ"

သူ့ထက်သာသေသေချာချာပြန်စဥ်းစားကြည့်ခဲ့လျှင်
ဒီတစ်နှစ်အတွင်းသူ့ထက်သာဘက်ကပဲသဝန်အလွန်တိုခဲ့ပြီးစိတ်ဆိုးစိတ်ကောက်လုပ်ခဲ့သည်တွေပဲဒါလိုအပြုအမူတွေကြောင့်လင်းညို့စိတ်ဖိစီးရပါစေလားမသိခဲ့

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now