အပိုင်း ၁

164 1 0
                                    

ငရဲ ။

ငရဲကို ရှင်တို့ ဘယ်လိုပုံဖော်ထားလဲ မသိပေမယ့် ငရဲဆိုတာ ဒီစကြဝဠာအတွင်းထဲက နေရာတခု ပါပဲ ... ဒီစကြဝဠာ ကြီး စတင် ဖြစ်တည်လာတဲ့အချိန်မှာ ဖန်ဆင်း ရှင် ဘုရားသခင်ဟာ ပေါ်ထွန်းလာခဲ့တယ် ... သူက ဖန်ဆင်းမှုများစွာကို လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ ဖန်ဆင်းမှုတွေထဲမှာ နည်းနည်း error တက်သွားတဲ့ နတ်သားတပါး ရှိခဲ့ဖူးတယ် ...

Lucifer Morningstar ။

စကြဝဠာရဲ့ ပထမဆုံး ပုန်ကန်သူ ... အမှောင်ထုကို အစိုးရထားတဲ့ သခင် ... ငရဲပြည်ရဲ့ ဘုရင် ... 666 ရဲ့ အရှင် ... လိမ်လည်ခြင်းတွေရဲ့ ဖခင် ... မတရားသောမေထုန်တို့နဲ့ တွဲမြင်ရတဲ့သူ ... သူ့ရဲ့ လူသိများတဲ့ နာမည်က Satan ... ဘာသာတရားအားလုံးရဲ့ ကြောက်စရာအကောင်းဆုံး ဗီလိန်ကြီး ... ဘုရားသခင်နဲ့ ဝေးကွာနေတဲ့ ပျောက်ဆုံးဝိညာဉ် သိုးမည်းလူသားတို့ရဲ့ ဦးညွှတ်ရာ မှော်အတတ်ပညာတို့ရဲ့ ရေသောက်မြစ်တခုအဖြစ် ခေတ်အဆက်ဆက် သူဟာ ကမ္ဘာမြေမှာလည်း နာမည်ကျော်ကြား ထင်ရှား ခဲ့တယ် ... သူ့ကို ကိုးကွယ်သူ လူသားတွေဟာ သေဆုံးတဲ့အခါ သူပိုင်စိုးတဲ့ ငရဲနယ်မှာ သူ့ရဲ့ ကျေးကျွန်တွေအဖြစ် အလုပ်အကျွေးပြုကြရလိမ့်မယ် လို့ ခေတ်အဆက်ဆက် ယုံကြည်ထားသူတွေဟာ ယနေ့ခေတ်အထိတိုင် ရှိနေကြဆဲပဲ ...

ကျမအခုရောက်နေတာ ငရဲပြည်ကနေ ခုတ်မောင်းလာတဲ့ ရထားဆိုက်ရောက်မယ့် တမလွန်နယ်ရဲ့ ဘူတာရုံလေးတခုမှာ ပေါ့ ...

ကျမ ။

ကျမ နာမည်က နီစွေးစွေး ပါ ... ကျမက Capricorn ရာသီခွင်တခုအတွင်းကျရောက်နေတဲ့ ဗုဒ္ဓဟူးနေ့ ညနေ တခုမှာ ကမ္ဘာရဲ့ ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ နိုင်ငံငယ်လေး တခုမှာ မွေးလာတဲ့ သာမန်ကောင်မလေး တယောက်ပါပဲ ... ကျမ ရဲ့ မွေးဖွားလာမှုကို ကြိုဆိုခဲ့သူဟာ ကျမအဘိုးအဘွားသာရှိခဲ့ပေမယ့် သူတို့ရဲ့မေတ္တာက ကျမအတွက် အပူပင်ကင်းခဲ့ရပါတယ် ... ကျမက မွေးရာပါ နှလုံးရောဂါသည်မို့ ဖျော့တော့တော့ ပိန်လှီလှီ အသွင်အပြင်ကြောင့် အပေါင်းသင်းမရှိ ဘဲ ကြီးပြင်းခဲ့ရပေမယ့် ကျမက လောကဓံကြား တနေ့တခြား သန်မာတဲ့ မိန်းခလေးအဖြစ် ကြီးပြင်းလာခဲ့ပါတယ် ... ဒါပေမယ့် ငယ်ဘဝရဲ့ စိတ်ဒဏ်ရာ ဆိုတာ ကြောက်စရာကောင်းတယ် ဆိုတာ မှန်တယ် ထင်ပါရဲ့ ... ကျမ ဘဝရဲ့ သံယောဇဉ်တွေ အကုန် မရှိတော့တဲ့ တနေ့မှာ ကျမဟာ အထီးကျန်ဆန်မှုကို မတွန်းလှန်နိုင်တော့ဘဲ ဘာသာရေးတိုင်းမှာ တားမြစ်ထားတဲ့ ပြစ်မှုကြီး တခုကို စတင် ကျူးလွန်ခဲ့မိပါတော့တယ် ...

ကျမနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်မိခဲ့တယ် Where stories live. Discover now